468x60 Ads

Monday, June 25, 2012

အဖေကြီးမြခင်၏ ဆုံးမစကားများ

(သားတပည့်၏ ပြောမှား၊ ဆိုမှား၊ စကားလုံး အမှားများရှိပါက အဘဆရာများဖြစ်ကြသော အဘဘိုးတော်အေး၊ အဘဘိုးတော်ပြူး၊ အဘဘိုးတော်ပွင့်၊ အဘဘိုးတော်ဟန်နှင့် အဖေကြီးဦးမြခင်မှ သီးခံ ခွင့်လွှတ်ပေးပါရန် ရိုသေလေးစားစွာ တောင်းပန်အပ်ပါသည် ခင်ဗျား။)


များစွာသော ရွှေရင်ကျော် ဂိုဏ်းသား ညီအစ်ကိုမောင်နှမများသည် အဖေကြီး ဦးမြခင်အား စကားဖြင့်သာ ကြားဖူး ကြသည် အသံကိုကား ကြားဖူးကြခြင်း မရှိကြပါဘူး။ ကျွန်တော်လည်း မမီလိုက်ပါဘူး။ ဒါပေမယ့် အဖေကြီး ဦးမြခင်ရဲ့ ဆိုဆုံးမစကားများကတော့ အဖေဆုံးမစကားများကဲ့သို့ အခုခေတ်မှာ ရွှေထက်တောင် ရှားသွားပါပြီလို့ပဲ ပြောပါရစေ။ ကျွန်တော် အလွန်တရာ မြတ်မြတ်နိုးနိုးဖြင့် သွားလေရာ ပါသွားတတ်တာကတော့ သီချင်းများ မဟုတ်ဘဲ အဖေဦးမြခင်ရဲ့ ဆုံးမစကားများနှင့် တရားတော်များပါပဲ။ ကျွန်တော့်မှာ ရှိသလောက်လေးတွေကိုပဲ တိတ်ခွေကနေ MP3 ပြောင်းပြီးတော့ တင်ပေးလိုက်ပါတယ်။ တစ်ချို့ တိတ်ခွေများကတော့ သိပ်မကောင်း တော့လို့ တင်မပေးနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ အခုအခွေတောင်မှ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ထစ်နေတာ သတိထားမိမှာပါ။ ဒါပေမယ့် အဖေ့ဦးမြခင်ရဲ့ ဆုံးမစကားများကို ကြားလိုက်ရတဲ့သူတိုင်း ဂိုဏ်းအကြောင်းကို သိသွားကြမှာပါ။ ဘာလို့တင်ပေးရသလဲဆိုရင် ကျေးဇူးရှင်ဆရာကြီးဖြစ်တဲ့ အဖေဦးမြခင်ဆုံးမခဲ့သလို ပါပဲ ရွှေရင်ကျော် ဂိုဏ်းချုပ်တွေ ပေါ်နေတယ် ကြားရလို့ပါ။ ကျွန်တော့်ရင်ထဲက ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းချုပ်ဟာ အဘဘိုးတော်ဟန်ပါ။ ဒါဟာ သေတဲ့အထိ ဘယ်သူကမှ လာပြီးပြုပြင်ပေးလို့မရတဲ့ ခံယူချက်ပါပဲ။ တစ်ခြားသူက ဂိုဏ်းချုပ်လို့ပြောရင်တော့ ဒီဖက်နားက၀င်ရင် ဟိုဖက်နားက ထွက်သွားပေးလိုက်ပါ့မယ်။ ဘာလို့လဲလို့ မေးခဲ့ရင်။ ကျွန်တော် သိတဲ့ ဂိုဏ်းချုပ်ဆရာကြီး တစ်ဦးဟာ ဂိုဏ်းကိုချုပ်တဲ့ ဂိုဏ်းချုပ်ဆေး ရှိရပါမယ်။ ဂိုဏ်းချုပ်ဆေးဆိုတာ ဘယ်လိုမျိုးလဲ သိချင်သူများအတွက် ကျွန်တော် ဓါတ်ပုံ တင်ပေးပါ့မယ်။ အဲ့ဆေးမရှိရင်တော့ ဂိုဏ်းချုပ်လုပ်မရပါဘူး။ ခုခေတ်တော့ ဘယ်သူမှ ဂိုဏ်းကို ချုပ်လို့မရတော့ပါဘူး။ နောက်ဆုံး အဘဘိုးတော်ပွင့်ကနေတဆင့် အဘဘိုးတော်ဟန်ကို "ငါ့သား ဂိုဏ်းကိုချုပ်တော့ ဆိုပြီး ဂိုဏ်းနှင့်တကွ ဂိုဏ်းချုပ်ဆေးကိုပါ အပ်နှံခဲ့သောကြောင့် အဘဘိုးတော်ဟန်သည် အဘဘိုးတော်ပွင့်လက်ထက်တွင် အမည်ပေးထားခဲ့သည့် "ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း" အမည်မှ "ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး" ဟု ဂိုဏ်းအမည်အား ပြောင်းလဲခဲ့ပါသည်။ အဘ ဘိုးတော်ဟန် ထွက်ပြီးသည့်နောက် မည်သူ့ကိုမျှ ဂိုဏ်းတော်အား လွှဲပြောင်းပေးခဲ့ခြင်း မရှိပါသောကြောင့် မည်သို့သော သူမျှ ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံခွင့် ရရှိမည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ကျွန်တော်တို့ သေသွားသည့်တိုင် ခေတ်အဆက်ဆက် ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းချုပ်သည် အဘဘိုးတော်ဟန် (ခေါ်) ဦးဘိုးဟန် သာ ဖြစ်ပါသည်။


ယခု ကျွန်တော့်အနေဖြင့် ပူဇော်ပွဲတွင် အဖေဦးမြခင်၏ ဆုံးမစကားများအား အသံသွင်းထားသည့် အခွေအား mp3 အဖြစ် ပြောင်းလဲပြီးသည့် အသံဖိုင်အား ၀ဘ်ဆိုက်၏ ညာဖက်ခြမ်းတွင် တင်ပေးထားပါသည်။ တန်ဖိုးမထားတတ်သူအနေဖြင့်တော့ သံဖြစ်ပေမယ့် တန်ဖိုးထားတတ်တဲ့သူအတွက်တော့ ရွှေထက်တောင်မှ တန်ဖိုးရှိပါကြောင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။ ရွှေရင်ကျော်ဂိုဏ်းဝင် အချင်းချင်း ညီညွတ်ကြပါစေ၊ သာသာနာအကျိုး ဂိုဏ်းအကျိုးအား ဒီ့ထက်မက ထမ်းဆောင်နိုင်ကြပါစေ။ မိမိ၏ ဆရာသမားအား ပြစ်မှားစော်ကားမိသော သားတပည့်တစ်ယောက် မဖြစ်ကြပါစေနဲ့လို့ ကျွန်တော့် အနေဖြင့် ဆုတောင်းပေးလိုက်ပါတယ်။ ဆရာ့အား တုပြိုင်ပြီးတော့ ခြေရာချင်းမတိုင်းမိပါစေနှင့်လို့ ဆန္ဒပြုရင်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။


ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ကိုယ်စားပြု Website အား(ခေတ္တတာဝန်ခံထားသူ)
ညီနေမင်း(နည်းပညာ)
shweyinkyaw.org@gmail.com
http://www.shweyinkyaw.org

2 comments:

kothantzin said...

ဒီဆိုက်ကိုတွေ့လိုက်ရတော့တော်တော်ဝမ်းသာပါတယ် ကျနော်လဲဂိုဏ်းဝင်ညီအစ်ကိုပါပဲ ကြည့်မြင့်တိုင်ကဆရာကြီးဦးသန်းတင်ရဲတပည်.ပါ ဂိုဏ်းပညာကိုလူသိအောင်ပြန်ပွားစည်ပင်အောင်လုပ်ဆောင်တာဟာဂိုဏ်းတော်အပေါ်မှာပါရမီဖြည်.တာပါပဲဒီပညာဟာခုမှဓီဆိုက်ပေါ်မှလူသိတာတော့မဟုတ်ပါဘူးဟိုးအရင်တွေကတဲကကမ္ဘာပတ်ခတြဲပညာလို့အဆိုရှိခဲပါတယ်ကမ္ဘာနဲအ၀ှန်းပညာညီအစ်ကိုတွေရှိနေခဲ.တာပါ ဒါပေမယ်ကျေးဇူးရှင်အဖေကြီးဦးမြခင်ပြောခဲ.မိန်.မှာခဲသလိုပဲဂိုဏ်းသူဂိုဏ်းသားတွေပဲသိရှိရမယ်.ပညာရပ်တွေရှိပါတယ် ပညာကိွု့ယ်ဝှက်တာတော.မဟုတ်ခဲပါဘူး
မသမာတဲသူတွေကကူးယူပြီးအသုံးပြုမှာဆိုးလို.ပါပဲဒါောကာင့်မို့လို.ဒီပေါ်မှာတင်ပေးမယ့်.ပညာရပ်များကို ပညာညီအစ်ကိုများသေချာစဉ်းစားပြီးမှာတင်ပေးဖို.မေတ္တာရပ်ခံပါတယ် ဒီပညာကိုလဲ အဖေကြီးဦးမြခင်မိန်.မှာခဲသလိုပဲမင်းတို.နဲတောင်မတန်တဲပညာဆိုပြီးပြောခဲသလို.ပညာရဲအတိမ်အနက်ကိုမသိနားမလည်တဲ(၇)ရပ်သားသမီးတွေအမှားတွေပြောမှာကိုလဲဆိုးပါတယ်သေချာစဉ်းစားပြီးမှ ပညာရပ်များကိုတင်ပေးပါ ချကိဘောက်ကမေးလာတဲသူတွေကိုလဲသေချာနားလည်အောင်ရှင်းပြပေးဖို.လိုပါတယ်စေတနာနဲ.အကြံပေးတာပါ ပညာညီအစ်ကိုမောင်နှစ်မများအားလုံး (၇)ရပ်သားသမီးများကိုကယ်တင်နိုင်တဲဆရာများဖြစ်နိုင်ကြပါစေ ဂိုဏ်းတော်အပေါ်မှာလဲဆထက်တပိုးပါရမီဖြည်.နိုင်ကြပါစေလို.ဆန္ဒပြုလိုက်ပါတယ်

star said...

ဂိုဏ်းဝင်တယောက်ဖြစ်ချင်ရင်ဘာတွေလိုအပ်ပါသလဲသိချင်ပါတယ်။ ပြီးတော့ ပညာရပ်တွေသင်ချင်ရင်ကော.. ဘယ်လိုသင်လို့ရပါသလဲ... စိတ်ဝင်စားလို့ပါ။ အဆင်ပြေရင် ပြန်ပြောပြပေးပါနော်။

Post a Comment