ဆိုက်ရည်ရွယ်ချက်။
အားလုံးကို သိစေချင်တာကတော့ ကျွန်တော် ဒီဆိုက်ကို စပြီးတည်ဆောက်လိုက်တာဟာ domain name ကို တစ်ခြားသူတွေ ၀ယ်သွားမှာ စိုးရိမ်တာရယ် နာမည်အလွဲသုံးစား လုပ်နေတာရယ်ကြောင့်ပါ. ပြီးတော့ တကွဲတပြားစီ ဖြစ်နေသော ရွှေရင်ကျော် ဂိုဏ်းသားများ အားလုံး online မှာ စုံစည်းခွင့်ရရှိအောင်လို့ စီစဉ်လိုက်တာဖြစ်ပါတယ်. ယခုအချိန်အထိ ဘယ်ဂိုဏ်းဝင်တစ်ယောက်ကမှ ပြုလုပ်ထားတာ မရှိတဲ့အတွက် ကျွန်တော်က လှူဒါန်းလိုက်တဲ့အနေနဲ့ ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်. (ယခုအချိန် ရွှေရင်ကျော် နာမည်ဖြင့် ဆေးကုသပြီး ခြေဖ၀ါးတွင် ဘုရားပုံထိုးထားသည့် ဂိုဏ်းများရှိနေပါသည်) org ရဲ့ နာမည်ဟာ တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ဘူး. Organization လို့ခေါ်တဲ့ အဖွဲ့အစည်းက ပိုင်တဲ့နာမည်ပါ. အဲ့ဒါကြောင့်မို့လို့ .org နဲ့ တင်လိုက်တာပါ။ ကျွန်တော်ပြောပြပြီးပါပြီ ကိုစာကလေးနဲ့ တစ်ခြား ညီအစ်ကိုတွေ မရှင်းတာနေပါလိမ့်မယ်. အခုဒီဝဘ်ဆိုက်ကနေ ဖိုရမ်သဘောမျိုး (or)social network ဆိုက်တစ်ခု အဖြစ် ပြုလုပ်သွားမှာပါ။ အဲ့အထဲမှာ
ဆိုက်တည်ဆောက်ပုံအကြမ်းဖျင်း
- မိတ်ဆက်ခြင်း
- မိမိ၏ ဆေးကုသမှတ်တမ်းများ
- တစ်ဆင့်
- နှစ်ဆင့်
- သုံးဆင့်
- လေးဆင့်
- ငါးဆင့်
- ခြောက်ဆင့်
- ခုနှစ်ဆင့်
- ရှစ်ဆင့်
- ကိုးဆင့်
သတ်မှတ်ချက်များအား ဂိုဏ်းတော်တွင် တာဝန်ရှိသည့် ဆရာကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ အတည်ပြုမည်ဖြစ်ပါသည်။
မှတ်ချက်။ ။လေ့လာသူ စာဖတ်ပရိတ်သတ်များအနေနှင့်ကတော့ ကုသနေသည့် ပုံများနှင့် video(အသံမပါ)များကို ကြည့်ရှု့ခွင့်ရရှိမည် ဖြစ်ပါသည်။ အသံဖျောက်ထားရသည့်အကြောင်းမှာ personal ကိစ္စရပ်များ ရှုပ်ထွေးလာမည် စိုးသောကြောင့် ဖျောက်ထားရခြင်းဖြစ်ပါသည်။ အားလုံးခွင့်လွှတ်နားလည်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ဂိုဏ်းဝင်မဟုတ်သော သူများသည် ဆေးကုသသည့် စာအုပ်များ၊ "စမ"များကို ကြည့်ရှု့ခွင့်တော့ ရရှိမည် မဟုတ်ပါဘူး။ ဒါဟာလည်း ဂိုဏ်းတော်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းမို့လို့ပါ။ ဂိုဏ်းဝင်များအားလုံး သိထားစေရန်မှာ ယခုဆိုက်အား တည်ထောင်လိုက်ကတည်းက ရွှေရင်ကျော်အကြောင်း သိထားပြီးသား ဖြစ်လို့ဆိုတာကို သိစေလိုပါတယ်။ ကိုးဆင့်အထိ ယူလို့ရနေပြီ ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် မယူဖြစ်သေးတာပါ။
ထို့အတွက်ကြောင့်မို့ ၀ဘ်ဆိုက်လုပ်လိုက်ပြီဆိုတာနဲ့တော့ အားလုံးကို ကြည့်လို့ရလိမ့်မယ်လို့ ခပ်လွယ်လွယ်မတွေးပါနဲ့။ ဂိုဏ်းအကြောင်းကို ဂဃနဏ သိအောင် အရင်ကြိုးစားကြည့်ပေးပါ ပြီးမှဝေဖန်ပါ။ ဒါဟာ သဘာဝကျပါတယ်။ ယခုဒီဝဘ်ဆိုက်ကို တာဝန်ယူနိုင်မည့်သူ ထိန်းသိမ်းနိုင်မည့်သူ ရွှေရင်ကျော် ဂိုဏ်းအဖွဲ့ထဲမှ အနည်းဆုံး 5 ဆင့်နှင့်အထက်ရှိသော မည်သူမဆို ကမ်းလှမ်းလာပါ။ Moderator များ အဖြစ် တာဝန်ခန့်အပ်ပေးဖို့ဆန္ဒရှိပါသည်။ သို့သော် မိမိအဆင့်အလျှောက် တတ်မြောက်သင့်သော ဂိုဏ်းရဲ့ "စမ"များအကြောင်း၊ အဘဆရာမည်သူမည်ဝါနှင့် အခြားသော အကြောင်းအရာများကို မေးမြန်းမည့်အပြင်၊ ၀ဘ်ဆိုက်ကို ထိန်းသိမ်းနိုင်မှု့စွမ်းရည် ရှိ/မရှိကိုလည်းပဲ မေးမြန်းမည်ဖြစ်ပါသည်။ အစမ်းခန့်အပ်မည် ဖြစ်ပါသည်။ မေးမြန်းမှု့အား စာဖြင့်မေးမြန်းမည် မဟုတ်ပါ။ အသံဖြင့် မေးမြန်းမည်ဖြစ်ပါသည်။
Domain name အား ကျွန်တော့်အနေဖြင့် www.shweyinkyaw.org နှင့် www.shweyinkyaw.com နှစ်ခုစလုံးကို ၀ယ်ထားပါတယ်။ .com ကိုတော့ .org နဲ့ redirect ချိတ်ထားမှာ ဖြစ်ပါတယ်။ www.shweyinkyaw.org ဆိုက်ကတော့ဖြင့် အဓိကပင်မဆိုက်ဖြစ်ပါတယ်။
ဂိုဏ်းဝင်ညီအစ်ကို မောင်နှမများအားလုံးအား လေးစားလျှက်
ညီနေမင်း(နည်းပညာ)
shweyinkyaw.org@gmail.com